Tuesday, January 1, 2013

သာလွန်မင်းရဲ့ သမိုင်းအကျဉ်း


Photo: မြန်မာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို စနစ်တကျ စတင်ပြုလုပ်သည့် ဘုရင်ရှိပါတယ် သူကတော့ သာလွန်မင်းပါ ( ၁၆၂၉-၁၆၄၈) ထိုကျမ်းကတော့ အမတ်ကြီး ကိုင်းရွာစား ပြုစုရေးသားတဲ့ မဟာရာဇဓမ္မသတ်ကျမ်းပါ။ သာလွန် မင်းက တခြားမင်းတွေနဲ့ မတူဘဲ စစ်မတိုက်ဟုရေးသား ကြပါတယ်။ သူ့လက်ထက်မှာ ယိုးဒယားနဲ့စစ်မဖြစ်တာပါ ပြည်တွင်းမှာတော့ တိုက်နေရပါသေးတယ်။ ဒါပေမယ့် သူနေပြည်တော် မပြောင်းခင် အရင်ဆုံး 
ပုန်ကန်သူများကို ငြိမ်အောင်ထိန်းပြီးမှ အင်းဝသို့ ပြန်ပြီး နေပြည်တော်  
 ပြောင်းတာပါ။ ပုဂံခေတ်ကစပြီး ရူပ်ထွေးတဲ့ မြန်မာနိုင်ငံရေးအုပ်ချူပ်မူ စနစ်ကို စစ်တမ်းများပြုစုပြီး ဂနာစွာ ကျမ်းတစ်ခုပြုစုရန် အမိန့်ပေးတဲ့ ဘုရင် တစ်ပါးပါ။ မြန်မာပြည်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အောင်မြင်လာ 
အောင်အားပေးခဲ့တဲ့ မင်းတစ်ပါးဆိုရင်လည်း မမှားပါဘူး။ အနောက် နိုင်ငံ များနှင့်လည်း ကုန်သွယ်မူတွေကို အားကောင်းစေခဲ့သည့် ဘုရင်တစ်ပါး ဖြစ်ပါတယ်။ စစ်ကိုင်း ကောင်းမူတော် ရာဇမဏိစူဠာ စေတီမှာလည်း သာလွန်မင်း၏ ကုသိုလ်တော်ဖြစ်ပါတယ်။ ဌာပနာ ထည့်ရာမှာ သူကိုယ့်လေးချိန်လောက် ရှိတဲ့ ရွှေသား မြတ်စွာဘုရား ရုပ်ပွားတော်ကို ဌာပနာ ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထီးမတင် မှီ နတ်ရွာစံခဲ့ပါတယ်။
 
                 မြန်မာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို စနစ်တကျ စတင်ပြုလုပ်သည့် ဘုရင်ရှိပါတယ် သူကတော့ သာလွန်မင်းပါ ( ၁၆၂၉-၁၆၄၈) ထိုကျမ်းကတော့ အမတ်ကြီး ကိုင်းရွာစား ပြုစုရေးသားတဲ့ မဟာရာဇဓမ္မ
သတ်ကျမ်းပါ။ သာလွန် မင်းက တခြားမင်းတွေနဲ့ မတူဘဲ စစ်မတိုက်ဟုရေးသား ကြပါတယ်။သူ့လက်ထက်
မှာ ယိုးဒယားနဲ့စစ်မဖြစ်တာပါ ပြည်တွင်းမှာတော့ တိုက်နေရပါသေးတယ်။ ဒါပေမယ့် သူနေပြည်တော် ကို မပြောင်းခင် အရင်ဆုံး ပုန်ကန်သူများကို ငြိမ်အောင်ထိန်းပြီးမှ အင်းဝသို့ ပြန်ပြီး နေပြည်တော် ပြောင်းတာ
ပါ။ ပုဂံခေတ်ကစပြီး ရူပ်ထွေးတဲ့ မြန်မာနိုင်ငံရေးအုပ်ချူပ်မူ စနစ်ကို စစ်တမ်းများပြုစုပြီး ဂနာစွာ ကျမ်းတစ်
ခုပြုစုရန် အမိန့်ပေးတဲ့ ဘုရင် တစ်ပါးပါ။ မြန်မာပြည်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အောင်မြင်လာ
အောင်အားပေးခဲ့တဲ့ မင်းတစ်ပါးဆိုရင်လည်း မမှားပါဘူး။ အနောက် နိုင်ငံ များနှင့်လည်း ကုန်သွယ်မူတွေကို အားကောင်းစေခဲ့သည့် ဘုရင်တစ်ပါး ဖြစ်ပါတယ်။ စစ်ကိုင်း ကောင်းမူတော် ရာဇမဏိစူဠာ စေတီမှာလည်း သာလွန်မင်း၏ ကုသိုလ်တော်ဖြစ်ပါတယ်။ ဌာပနာ ထည့်ရာမှာ သူကိုယ့်လေးချိန်လောက်ရှိတဲ့ ရွှေသား
မြတ်စွာဘုရား ရုပ်ပွားတော်ကို ဌာပနာ ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထီးမတင် မှီ နတ်ရွာစံခဲ့ပါတယ်။

No comments:

Post a Comment