Thursday, January 24, 2013

" . . . သာသနာ့ အာဇာနည် . . . "


" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။


Admin - ဒေါက်တာကျော်လွင်


ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

Thursday, January 3, 2013

ဗုဒ္ဒဘာသာဝင်တိုင်းသိထားသင့်တယ်ထင်လို့ဗဟုသုအနေနဲ့တင်ပေးလိုက်ပါတယ် ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

 ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။

ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။

(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

Tuesday, January 1, 2013

အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲတဲ့ ကုရင်တိုင်းရင်းသား သဌေးကြီး ဦးနာအောက်

Photo: တချို့လည်း သိပြီးသားပါ၊ ဒါပေမယ့် မသိသေးတဲ့သူအတွက် ရည်ရွယ်ပါတယ်။ သဌေးကြီး ဦးနာအောက် အကြောင်းပါ။ သူက ဘာလို့ နာမည်ကြီးလဲဆိုရင် သူခေတ်က သူတစ်ဦးပဲ အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲလို့ပါ။ ၁၈၃၂ မေလ ၁၇ ရက် ဘားအံ့မြို့နယ်၊ ခရဲရွာမှာ မွေးပါတယ်။ ငယ်စဉ်က ဆင်းရဲလို့ ကျွဲကျောင်းရပါတယ်။ အသက် ၃၅ နှစ် ရောက်တော့ ကတိုးကော့နပ်ရွာ က သစ်ကုန်သည် ဦးထော်မှာ ကူလီ ၀င်လုပ်ပါတယ်။ အလုပ်ကြိုးစာတော့ ကူလီခေါင်း ဖြစ်လာပါတယ်။ အဲ့လို အလုပ်ကြိုးစားရင်း ယိုးဒယား မှာ သစ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း သိန်း ၅၀ ကျော်လောက် ချမ်းသာလာပါတယ်။ ပိုက်ဆံရှိလာတော့ ဟေးလား၊၀ါးလား မလုပ်ပါဘူး။ ပရိယတ္တိသာသနာ ပြန့်ပွားရန် ကျောင်းတိုက်တွေ၊ စာသင်တိုက်တွေ လှူဒါန်း ပါတယ်။ ဦးနာအောက်က ကကိုးကော့နှပ်မှာ ချစ်တီး၊ဘာဘူ ကုလားတွေ နဲ့ ပြိုင်ပြီး ငွေးချေးလုပ်ငန်း၊ စပါး အရောင်းအ၀ယ် လုပ်ငန်းတွေ လုပ်ပါတယ်။ သူဆီချေးရင် အတိုးနည်းပြီး၊ စပါးဆို ဈေးကောင်းကောင်းပေးဝယ်ပါတယ်။ အဲတာကြောင့် တစ်ခါ စီးပွားပျက်သွားသေးပါတယ်။ ဒါပေမယ့် အလုပ်ပြန် ကြိုးစားတော့ ပြန်ချမ်းသာလာပါတယ်။ဦးနာအောက် စီးပွားပျက်တာ အကြိမ်ပေါင်းမနည်းပါဘူး၊ သူက စီးပွားရေးကို စေတနာနဲ့ လုပ်လို့ပါ။ ဒါပေမယ့် နောက်ဆုံး ပြန်ချမ်းသာလာတာပါပဲ။  
နောက် အမြတ်များလာတော့ မီးသင်္ဘောဝယ်ပြီး အင်္ဂလိပ် နဲ့ အပြိုင် ဈေးချပြီး ပြေးဆွဲပါတယ်။ နောက်ဆုံး အလကားပေးစီးသည့်တိုင်အောင်  အပြိုင်ကြမ်းခဲ့ပါတယ်။ နောက်ဆုံး မီးသင်္ဘောလုပ်ငန်း ကို ရပ်လိုက်ရပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ရဲသည့် သတ္တိကိုတော့ အင်္ဂလိပ်တွေ လေးစားခဲ့ရပါတယ်။ သူရဲ့ အမည်ရင်းက ဦးအောက် ဖြစ်ပါတယ် အလုပ်သမားတွေက လေးစားတော့ အနိုင်အောက် ဟုခေါ်ရာမှ ဦးနာအောက်ဖြစ်သွားတာပါ။(အနိုင်က မွန်လို ဘကြီး လို့ခေါ်ပါတယ်) ဦးနာအောက် နာမည်ကြီးတော့ တချို့ အနောက်နိုင်ငံ သဌေး တွေသူ့ဆီ လာလေ့လာကြပါတယ်။ ဦးနာအောက်ကို မြင်တော့ အားလုံး အံ့သြသွားရပါတယ်။ ဦးနာအောက်က ရိုးရိုးတဲမှာ အလုပ်လုပ်နေလို့ပါ။ သူဌေးဆို အားလုံးက ဇိမ်နဲ့ နေတဲ့ထဲမှာ ဦးနာအောက် ကတော့ အလုပ်သမားတွေကြားမှာပဲ အလုပ်လုပ်နေပါတယ်။ ဦးနာအောက် ဟာ အသက် ၈၁ မှာ ကွယ်လွန်ခဲ့ပါတယ်။ 
 
                 တချို့လည်း သိပြီးသားပါ၊ ဒါပေမယ့် မသိသေးတဲ့သူအတွက် ရည်ရွယ်ပါတယ်။ သဌေးကြီး ဦးနာအောက် အကြောင်းပါ။ သူက ဘာလို့ နာမည်ကြီးလဲဆိုရင် သူခေတ်က သူတစ်ဦးပဲ အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲလို့ပါ။ ၁၈၃၂ မေလ ၁၇ ရက် ဘားအံ့မြို့နယ်၊ ခရဲရွာမှာ မွေးပါတယ်။ ငယ်စဉ်က ဆင်းရဲလို့ ကျွဲကျောင်းရပါတယ်။ အသက် ၃၅ နှစ် ရောက်တော့ ကတိုးကော့နပ်ရွာ က သစ်ကုန်သည် ဦးထော်မှာ ကူလီ ၀င်လုပ်ပါတယ်။ အလုပ်ကြိုးစာတော့ ကူလီခေါင်း ဖြစ်လာပါတယ်။ အဲ့လို အလုပ်ကြိုးစားရင်း ယိုးဒယား မှာ သစ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း သိန်း ၅၀ ကျော်လောက် ချမ်းသာလာပါတယ်။ ပိုက်ဆံရှိလာတော့ ဟေးလား၊၀ါးလား မလုပ်ပါဘူး။ ပရိယတ္တိသာသနာ ပြန့်ပွားရန် ကျောင်းတိုက်တွေ၊ စာသင်တိုက်တွေ လှူဒါန်း ပါတယ်။ ဦးနာအောက်က

သာလွန်မင်းရဲ့ သမိုင်းအကျဉ်း


Photo: မြန်မာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို စနစ်တကျ စတင်ပြုလုပ်သည့် ဘုရင်ရှိပါတယ် သူကတော့ သာလွန်မင်းပါ ( ၁၆၂၉-၁၆၄၈) ထိုကျမ်းကတော့ အမတ်ကြီး ကိုင်းရွာစား ပြုစုရေးသားတဲ့ မဟာရာဇဓမ္မသတ်ကျမ်းပါ။ သာလွန် မင်းက တခြားမင်းတွေနဲ့ မတူဘဲ စစ်မတိုက်ဟုရေးသား ကြပါတယ်။ သူ့လက်ထက်မှာ ယိုးဒယားနဲ့စစ်မဖြစ်တာပါ ပြည်တွင်းမှာတော့ တိုက်နေရပါသေးတယ်။ ဒါပေမယ့် သူနေပြည်တော် မပြောင်းခင် အရင်ဆုံး 
ပုန်ကန်သူများကို ငြိမ်အောင်ထိန်းပြီးမှ အင်းဝသို့ ပြန်ပြီး နေပြည်တော်  
 ပြောင်းတာပါ။ ပုဂံခေတ်ကစပြီး ရူပ်ထွေးတဲ့ မြန်မာနိုင်ငံရေးအုပ်ချူပ်မူ စနစ်ကို စစ်တမ်းများပြုစုပြီး ဂနာစွာ ကျမ်းတစ်ခုပြုစုရန် အမိန့်ပေးတဲ့ ဘုရင် တစ်ပါးပါ။ မြန်မာပြည်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အောင်မြင်လာ 
အောင်အားပေးခဲ့တဲ့ မင်းတစ်ပါးဆိုရင်လည်း မမှားပါဘူး။ အနောက် နိုင်ငံ များနှင့်လည်း ကုန်သွယ်မူတွေကို အားကောင်းစေခဲ့သည့် ဘုရင်တစ်ပါး ဖြစ်ပါတယ်။ စစ်ကိုင်း ကောင်းမူတော် ရာဇမဏိစူဠာ စေတီမှာလည်း သာလွန်မင်း၏ ကုသိုလ်တော်ဖြစ်ပါတယ်။ ဌာပနာ ထည့်ရာမှာ သူကိုယ့်လေးချိန်လောက် ရှိတဲ့ ရွှေသား မြတ်စွာဘုရား ရုပ်ပွားတော်ကို ဌာပနာ ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထီးမတင် မှီ နတ်ရွာစံခဲ့ပါတယ်။
 
                 မြန်မာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို စနစ်တကျ စတင်ပြုလုပ်သည့် ဘုရင်ရှိပါတယ် သူကတော့ သာလွန်မင်းပါ ( ၁၆၂၉-၁၆၄၈) ထိုကျမ်းကတော့ အမတ်ကြီး ကိုင်းရွာစား ပြုစုရေးသားတဲ့ မဟာရာဇဓမ္မ
သတ်ကျမ်းပါ။ သာလွန် မင်းက တခြားမင်းတွေနဲ့ မတူဘဲ စစ်မတိုက်ဟုရေးသား ကြပါတယ်။သူ့လက်ထက်
မှာ ယိုးဒယားနဲ့စစ်မဖြစ်တာပါ ပြည်တွင်းမှာတော့ တိုက်နေရပါသေးတယ်။ ဒါပေမယ့် သူနေပြည်တော် ကို မပြောင်းခင် အရင်ဆုံး ပုန်ကန်သူများကို ငြိမ်အောင်ထိန်းပြီးမှ အင်းဝသို့ ပြန်ပြီး နေပြည်တော် ပြောင်းတာ
ပါ။ ပုဂံခေတ်ကစပြီး ရူပ်ထွေးတဲ့ မြန်မာနိုင်ငံရေးအုပ်ချူပ်မူ စနစ်ကို စစ်တမ်းများပြုစုပြီး ဂနာစွာ ကျမ်းတစ်

မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ကြီးမားတဲ့ဥာဏ်ရည်ဥာဏ်စွမ်း


Photo: ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။(တခြားဘာသာဝင်များလည်း ဗဟုသုတ အနေဖြင့်ပဲ ဖတ်ပေးပေါ့နော် :) )  အားလုံးပဲ မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။ မင်းကွန်းဆရာတော်ဘုရားဟာ ဥာဏ်အလွန်ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ မှာ (ရေးဖြေ) - 
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ် ဖြင့် ဂုဏ်ထူးဖြင့် အောင်တော်မူပါတယ်။ စာမေးပွဲက ၇၅ ရမှ အောင်တာပါ ၈၅ က ဂုဏ်ထူးမှတ်ပါ။ ဘာလို့ခက်ခဲလဲလို့ ဆိုရင် ပိဋကတ်သုံးပုံကို အလွတ်ဆို ရာတွင် မနက် ၈နာရီ ကနေ ၁၀ နာရီ အထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ကနေ ၄ နာရီ အထိ တစ်ကြိမ် တစ်နေ့မှာ နှစ်ကြိမ်သာ စာပြန်ရပါတယ်။ တစ်နေ့လုံး စာစစ်သူက ၅ ခါပဲ ထောက်ပေးရပါတယ်။ ၅ ခါ ကျော်ရင် စာမေးပွဲ ကျပါတယ်။ ဆရာတော်ကတော့ တစ်ခါမှ ထောက်ပေးစရာ မလိုခဲ့ပါဘူး။ ပိဋိကတ်သုံးပုံကို အထောက်ကင်းစွာဖြင့် အာဂုံပြန်ဆို နိုင်သော ကြောင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တော်ကို ဆက်ကပ် ခြင်းခံရပါတယ်။တရားဘဏ္ဍာစိုးလို့ အဓိပ္ပယ်ရပါတယ်။ဥာဏ်အလွန်ကောင်းသည့်အတွက် ကမ္ဘာ Guinness Book Of World Records ၁၉၈၅ မှာ Human Memory အပိုင်းမှာ မှတ်ဥာဏ်အကောင်းဆုံးသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဆရာတော်ဘုရားဟာ ၉-၂-၁၉၉၃ မှာ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။ 
ဆရာတော်ကိုရှိသေစွာရှိခိုးပါတယ်ဘုရား။ 
 
               ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။(တခြားဘာသာဝင်များလည်း ဗဟုသုတ အနေဖြင့်ပဲ ဖတ်ပေးပေါ့နော် :) ) အားလုံးပဲ မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။ မင်းကွန်းဆရာတော်ဘုရားဟာ ဥာဏ်အလွန်ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ မှာ (ရေးဖြေ) - 

7Days News Journal က ရွေးချယ်မဲပေးနိုင်မဲ့ ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year)




 



7Days News Journal က ရွေးချယ်မဲပေးနိုင်မဲ့ ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year)
 

         ၂၀၁၂ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year) ရွေးချယ်ရန် ပဏာမစာရင်းဝင်သူများကို 7Day News က ဖော်ပြလိုက်ပါသည်။ အထင်ရှားဆုံးပုဂ္ဂိုလ်ရွေးချယ်ရာတွင်
 ထိုပုဂ္ဂိုလ်၏ စွမ်းဆောင်မှုကောင်းခြင်း၊ ဆိုးခြင်း၊ နာမည်ဂုဏ်သတင်းကြီးခြင်း၊ မကြီး ခြင်းကို မူမတည်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တို့က သတင်းများအပေါ် သက်ရောက်မှု၊ လူထုအပေါ်လွှမ်း
မိုးနိုင်မှု၊ စွမ်းဆောင်မှု တို့ကိုသာ အကဲဖြတ်၍ ပဏာမစာရင်း ရွေးချယ်ထားခြင်းဖြစ်သည်။

Vote Here: https://www.facebook.com/questions/457141427680830/

သခင်ကိုယ်တော်မှိုင်း ဗိုလ်ချုပ်ကျော်ဇော တို့ သမိုင်းဝင်ရှားပါးဓါတ်ပုံ

 

                 မြန်မာ့သမိုင်းတွင် အမှတ်တရ ၊အထိမ်းအမှတ်ဖြစ်စေသောဓာတ်ပုံများကို ဒီနေရာလေးမှာတစ်
နေရာတည်းမှာ ကြည့်နိုင်ရန်ရည်ရွယ်ပြီး အခုလိုတင်ပေးလိုက်ရတာဖြစ်ပါတယ်ဗျာ။ သမိုင်းဝင်ရှားပါးဓါတ်
ပုံများကိုလှူဒါန်းလိုပါက 
maytharngee@gmail.com   --- Pyae Phyo (MMiTD)
sunandi05@gmail.com
သို့ပေးပို့လှူဒါန်းနိုင်ပါတယ်ဗျာ။ ထိုသို့ပေးပို့သူတွေရဲ့ နာမည်အတိုင်း Credit ပေးပြီး ပြန်လည်တင်ပေး
သွားမှာဖြစ်ပါတယ်ဗျာ။
Credit to -News Of Myanmar မှရရှိပါသည်။